SIM
Thailand Anywhere
Thailand Anywhere
Regular price
Estimate Price 3,000 ฿
Regular price
Sale price
Estimate Price 3,000 ฿
Unit price
per
Tax included.
မိုးရာသီအထူး Promotion ဘတ် ၄၅၀၀ နဲ့ လူ ၁၀ ယောက်ထိ စီးနိုင်မယ့် ခရီးစဉ်များ
ဘန်ကောက်ကနေ ထိုင်းနိုင်ငံရဲ့ ပတ္တရား၊ ဟွာဟင်၊ ကန်ချနဘူရီ၊ ခေါင်ရိုင်၊ အယုဒ္ဓယ၊ နခွန်နယွတ် အထင်ကရမြို့များကို ဘတ် ၅၀၀၀ နဲ့ ၁၂ နာရီ သို့မဟုတ် ဘတ် ၄၅၀၀ နဲ့ ၁၀ နာရီ Van ကားငှါးနိုင်ပါပြီနော်။
သွားနိုင်တဲ့ Package များကို ဘယ်လိုရွေးချယ်နိုင်မလဲ
Package များကို ဒီ Post မှာ သို့မဟုတ် Thailand Anywhere ရဲ့ လက်ရှိ တည်ဆောက်နေတဲ့ Website မှာ သို့မဟုတ် Sales Agent များနဲ့လည်း ဆွေးနွေးတိုင်ပင်ပြီး ရွေးယူနိုင်ပါတယ်။
Thailand Anywhere ရဲ့ ကားခရီးစဉ်ဆိုတာ ဘယ်လိုမျိုးလဲဘာတွေပါဝင်လဲ
ကားခရီးစဉ်များဟာဆိုရင် ကားအငှားသီးသန့်ပဲတင်မဟုတ်ဘဲ ဧည့်သည်တော်များသွားလိုရာခရီးအစအဆုံးမှာ ပါဝင်တဲ့
Itinerary များ
ကားအငှား
ဆီဖိုး၊ လမ်းကြေး
၁၀ နာရီကြာ လည်ပတ်ခွင့်
ကျွမ်းကျင်ကားဆရာ
ခရီးသွားအကြံပေး
ဆီဖိုး၊ လမ်းကြေး
Online ပေါ်မှ Virtual Tour Agent အနေနဲ့လည်း ခရီးစဉ်တလျှောက်လုံးမှာ အခက်အခဲများ မေးခွန်းများကို ဖြေရှင်းပေးဖို့ အသင့်ရှိနေပါတယ်နော်။
ခရီးစဉ်တိုင်းမှာလည်း ဧည့်သည်များ Tour Guide ထည့်လိုပါကလည်း Thailand Anywhere မှာ Tour Guide ဝန်ဆောင်မှုများ ရှိပါတယ်နော်။
Thailand Anywhere ဟာ ဧည့်သည်တော်များရဲ့ သာယာအဆင်ပြေမှုများကို အမြဲအဓိကထားဆောင်ရွက်ပေးလျက်ရှိပါတယ်။
မိတ်ဟောင်းမိတ်သစ် ကာစတန်မာတစ်ယောက်ချင်းစီကိုလည်း နွေးထွေးပျူငှာစွာ ပြောဆိုအကြံပေးနေတာမို့လို့ ခရီးစဉ်တိုင်းမှာ ဇိမ်ရှိရှိနဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
ဇိမ်ရှိစွာ လည်ပတ်နိုင်ဖို့အတွက် Driver ကားဆရာကြီးများကိုလည်း ကားမောင်းကျွမ်းကျင်တဲ့ ထိုင်းကားဆရာများနဲ့ ချိတ်ဆက်ပေးထားတာကြောင့် ထိုင်းလူမျိုးများနဲ့ ဖော်ရွေမှု၊ ဟာသလေးတွေနဲ့ ခရီးစဉ်တလျှောက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ရရှိမှာပဲ ဖြစ်ပါတယ်။
ခရီးစဉ်တွေထဲမှာ မိမိသဘောကျတဲ့ နေရာ Destination မပါဝင်ပါကလည်း Thailand Anywhere Team နဲ့အတူ ကိုယ်ပိုင်ခရီးစဉ်လေးကို Customize ပြုလုပ်နိုင်ကြောင်း အသိပေးလိုက်ပါတယ်။
ကားစင်းလုံးငှားပြီး ထိုင်းနိုင်ငံတစ်ဝှမ်းကို လည်ပတ်မယ်ဆိုရင်တော့ Thailand Anywhere မှ အောက်ပါနာမည်ကြီးမြို့များကို လည်ပတ်နိုင်ပါတယ်။
Bangkok - ဘန်ကောက်
ဘန်ကောက်ထဲမှာဆိုရင် နာမည်ကြီး ဘုရားကိုးဆူတွေ၊ ဓာတ်ပုံရိုက်ဖို့အတွက်နဲ့တင် ပြည့်စုံတဲ့ Chocolate Ville, လူငယ်ကြိုက် ကော်ဖီဆိုင်လေးတွေ၊ အပန်းဖြေစရာတွေ အများကြီးရှိတဲ့ Theme Park တွေ၊ Safari World, Dreamworld, ရေအောက် Ocean World တွေနဲ့ Erawan Museum လိုသမိုင်းဝင်ပြတိုက် ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ Shopping ထွက်ရဝာာ ဝါသနာပါသူတွေ အတွက်လည်း Siam Paragon, Icon Siam, Platinum Mall, Union Mall တွေဆိုရင်လည်း လည်ပတ်သူတွေကြားမှာ အရမ်းကို ရေပန်းစားပါတယ်။
Pattaya - ပတ္တရား
မနီးမဝေးက ကမ်းခြေမြို့လေး ပတ္တရားမှာ Laser Buddha, Chonburi Skywalk, သားသားမီးမီးတို့အကြိုက် ရေခဲမုန့်နန်းတော် Great & Grand Sweet Destination, Pattaya Beach, Pattaya Viewpoint အခြားသော စိတ်လှုပ်ရှားစရာ နေရာတွေ အများကြီး ပါဝင်သွားမှာပါ။ ဒါ့အပြင် ဧက 500 ကျော် ကျယ်ဝန်းတဲ့ ဒိုင်နိုဆောတွေရဲ့ တိုင်းပြည်လို့ တင်စားကြတဲ့ Nong Nooch Garden ဟာ ဆိုရင်လည်း လာရောက်သူတိုင်းကို အပူပိုင်းအပင်တွေနဲ့ မတူညီတဲ့ရသကို ပေးစွမ်းပါတယ်။
Huahin - ဟွာဟင်
ပင်လယ်နားက ကမ်းခြေအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ဟွာဟင်မြို့မှာဆိုရင် အီတလီရေပေါ် ဗင်းနစ်မြို့သဖွယ် Venezia, Huahin Train Station, Huahin နာမည်ကြီး Cha Am Beach စတဲ့ အထင်ကရနေရာတွေ အများကြီးရှိပါတယ်နော်။ ရောင်စုံမြက်ခင်းပြင်တွေရှိရာ Memory House Cafe ကလည်း ဟွာဟင်မှာပဲ တည်ရှိပါတယ်။ ပင်လယ်ကမ်းခြေနားမှာ အခြေချထားတဲ့မြို့လေးဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေ ကင်းရှင်းအောင် Relax လုပ်မယ်ဆိုရင် ဒီမြို့လေးကို Recommend ပေးပါတယ်နော်။
Khaoyai - ခေါင်ရိုင်
ထိုင်းနိုင်ရဲ့ ဥရောပမြို့ငယ်လေးလို့ တင်စားကြတဲ့ ခေါင်ရိုင်မှာဆိုရင် သိုးငယ်လေးတွေ ကျောင်းရင်း အပန်းဖြေလို့ကောင်းတဲ့ Primo Piazza, သစ်ပင် ဝင်္ကမ္ဘာ Pete Maze, လေရဟတ်ကြီးတွေရှိရာ လေတဖြူဖြူးနဲ့ Khao Yai Thiang အပါအဝင် တခြားနာမည်ကြီး ဥရောပအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ နေရာလေးတွေလည်း ပေါပါတယ်။ ခေါင်ရိုင်ဆိုတာ Thailand Anywhere ဧည့်သည်တော်တွေရဲ့ စိတ်ထဲမှာ အမြဲတမ်းနေရာယူထားမယ့် မြို့တစ်မြို့ဖြစ်တာတော့ အသေအချာပါပဲ။
Ayutthaya - အယုဒ္ဓယ
UNESCO စာရင်းဝင် ရှေးဟောင်း အယုဒ္ဓမြို့ဟောင်းမှာ ဆိုရင်လည်း Lalisa သွားရောက် ဖူးမြော်ခဲ့တဲ့ Wat Mahathat, ရှေးအကျဆုံးနဲ့ အကြီးဆုံး ဘုရားဖြစ်တဲ့ Wat Yai Chai Mongkon, Ban Pa Inn Summer Palace, နခွန်နယွတ်က နဂါးသိုက်ရှိရာ Wat Maniwong ဆုတောင်းပြည့် ဘုရား စတဲ့အထင်ကရနေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူတွေနဲ့ လူကြီးမိဘတွေကို လက်ဆောင်ပေးဖို့ စဉ်းစားထားရင်တော့ အယုဒ္ဓမြို့ကိုသာ ရွေးချယ်လိုက်ပါ။
Kanchanaburi - ကန်ချနဘူရီ
ကန်ချနဘူရီ ခရီးစဉ်လေးကိုလည်း စိတ်ဖိစီးမှု ကင်းမဲ့ဇုန်ဆိုတဲ့အတိုင်း ရေတံခွန်တွေ၊ သဘာဝနေရာလေးတွေ၊ ပန်းခင်းတွေနဲ့ ကော်ဖီဆိုင်တွေ၊ တန်ခိုးကြီး ဘုရားတွေနဲ့ အစီအစဉ်တွေဆွဲထားပြီး နာမည်ကျော် River Kwai Bridge ကလည်း ကန်ချနဘူရီမြို့ရဲ့ အသက်လို့တောင် ပြောလို့ရပါတယ်နော်။ ရေပေါ်အိမ် Riverside Resort လေးတွေလည်း အများကြီးရှိတာမို့လို့ ကန်ချနဘူရီရောက်တုန်း မြို့အငွေ့အသက်ကို ပိုပြည့်စုံသွားအောင် တည်းခိုကြည့်ဖို့ အကြံပေးချင်ပါတယ်။
Chiangmai - ချင်းမိုင်
မြောက်ပိုင်းနိုင်ငံလေးဖြစ်တဲ့ ချင်းမိုင်မှာဆိုရင်လည်း မြန်မာပြည်ရဲ့ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင် အငွေ့အသက်တွေကို အပြည့်အဝ ရရှိမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ် Doi Inthanon နဲ့ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ ပိုင်နဲ့ တရုတ်ယူနန်ရွာလေးတွေလည်း ပါဝင်သွားမှာပါ။ Ban Rak Thai ဆိုရင်လည်း မြန်မာလူမျိုးတွေနဲ့ လုံးဝမစိမ်းပဲ Thailand Anywhere မှာ ခဏခဏ လာရောက်သွားလည်ကြလေ့ရှိပါတယ်။
Phuket - ဖူးခက်
ဖူးခက်မြို့ကတော့ နာမည်ကြားရုံနဲ့တင် ကျွန်းစုတွေ ပင်လယ်အော်တွေနဲ့ လုံးဝ ဖုံးလွှမ်းထားပြီး Phi Phi Islands တွေ James Bond Islands, Raya Island, Khai Island, Maya Bay တို့ကတော့ ဧည့်သည်တော်များ အရမ်းနှစ်သက်ကြတဲ့ နာမည်ကြီး ကျွန်းတွေပါပဲနော်။
ပိုမိုကောင်းမွန်သော အနီးကပ် ဝန်ဆောင်မှုများကို ရယူလိုပါက ရန်ကုန်မှာရှိတဲ့ Thailand Anywhere ရဲ့ ရုံးချုပ်မှာ Tour Agent နဲ့အတူ လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်း အပူအပင်မရှိဘဲ သက်တောင့်သက်သာနဲ့ ခရီးတွေထွက်ဖို့ စိတ်ကူးနေပါက Thailand Anywhere က ဧည့်သည်များကို စောင့်မျှော်လျက်ရှိပါတယ်နော်။

View full details








